Welcome to

N4 VPN PLUS

" VPN သုံးရင်းတော်လှန် VPNသုံးရင်းထောက်ပို့ "
About N4VPN PLUS

အားလုံးပဲမင်္ဂလာပါ ကျွန်တော်ကတော့ N4VPN PLUS ရဲ့ဖန်တီးသူ N4 Team ရဲ့ Main Developer ပါခင်ဗျာ ဒီနေ့ကျွန်တော်ပြောစရာလေးရှိလို့ပါ။ N4VPN PLUS ကို ကျွန်တော်စတင်ဖန်တီးကတည်းက ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကိုချိန်ထိုးပြီး ဘဝတူရဲဘော်တွေကို ထောက်ပို့ချင်တဲ့အတွက်ဖန်တီးခဲ့တာဖြစ်ပါတယ်။ ထောက်ပို့ရာမှာလည်း ပြည်သူတွေစားဝတ်နေရေးခက်ခဲနေကြတဲ့အတွက် အလှူခံတဲ့နည်းထက် အိပ်မစိုက်ပဲ အချိန်ပေးရုံ ကြော်ငြာကြည့်ရုံနဲ့ ထောက်ပို့နိုင်မဲ့နည်းကိုကျွန်တော်ရွေးချယ်ခဲ့ပါတယ်။ ဒီလိုနဲ့အချိန်တစ်ခုယူဖန်တီးခဲ့ပြီး သတင်းဖတ်ရင်းထောက်ပို့နိုင်တဲ့ Brainy ဂိမ်းလေးဖြစ်ပေါ်လာပါတယ်။ ကျွန်တော်ဟာတစ်ဖက်မှာတော်လှန်ရေးရဲဘော်တစ်ယောက်လည်းဖြစ်တဲ့အတွက် တာဝန်ထမ်းဆောင်ရန်မရှိသေးတဲ့အချိန်ခဏမှာ ကျွန်တော့်မိတ်ဆွေအချို့ရဲ့အကူအညီကိုယူပြီး N4VPN pro ကိုအားစိုက်ဖန်တီးခဲ့တာဖြစ်ပါတယ် အဓိကပြောချင်တဲ့အကြောင်းအရာကတော့အခုအချိန်မှာ ကျွန်တော်တာဝန်ထမ်းဆောင်ဖိုအတွက်ပြန်လည်ထွက်ခွာရပါတော့မယ်။ Team ရဲ့ Main Developer ဖြစ်တဲ့အတွက်ကျွန်တော်မရှိချိန်မှာ Update ပေးတာတွေလုပ်နိုင်မှာမဟုတ်ပါဘူး Update မပေးနိုင်တာကလွဲရင် ကျန်တဲ့ကိစ္စတွေဖြစ်တဲ့ ငွေထုတ် ငွေပို့ကိစ္စတွေ အစီအစဥ်အတိုင်းအတိအကျဆက်လုပ်မှာဖြစ်ပါတယ် Page ကိုလည်း active ဖြစ်ဖြစ်ဆက် run သွားမှာပါ (အချုပ်ပြောရရင် update မရှိတာကလွဲရင် ကျန်တာအကုန်ပုံမှန်ပဲဖြစ်နေမှာပါ) ကျွန်တော်မသွားခင်မှာ N4 VPN PLUS တွေကိုမှာထားခဲ့ချင်တာရှိပါတယ် N4 VPN ဟာကျွန်တော်တို့အတွက်အရောင်မှိန်မှိန် သေးသေးလေးဆိုရင်တောင်မှ ကျွန်တော်တို့ရဲ့မျှော်လင့်ချက်တစ်ခုဖြစ်ပါတယ်။ "ကျွန်တော်တိုရဲ့မျှော်လင့်ချက်ကို အကိုတို့အမတို့ဆီမှာအပ်နှံထားခဲ့ပါရစေ" ကျေးဇူးပြုပြီး N4 VPN PLUSကိုများများအသုံးပြုပေးကြပါ ကျွန်တော်ပြန်လာခဲ့ရင်ကျွန်တော်တို့အတူ ဂိမ်းအသစ်တွေ Update တွေနဲ့ပြန်တွေ့ကြမယ် အကယ်၍ကျွန်တော်ပြန်မလာနိုင်ခဲ့ရင်လည်း. . . ဆက်ပြီးဆော့ရင်းကြည့်ရင်းတော်လှန်ရေးအတွက်သွေးမအေးပဲထောက်ပို့ပေးကြပါလို့မှာချင်ပါတယ်ခင်ဗျာ
လေးစားလျက်
N4 Team Main Developer/ Founder